ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်အသီးသီးမှ ပေးပို့သည့် ဓါတ်ခွဲနမူနာများအား ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)တွင် PCR ဖြင့် စစ်ဆေးရာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း COVID-19 ပိုး ရှိသူ ၃၇၉ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
မြို့နယ် အသီးသီးက စစ်ဆေးသည့် ဓါတ်ခွဲနမူနာ စုစုပေါင်း ၁၇၃၅ အား စစ်ဆေးရာတွင် ၃၇၉ ခုတွင် COVID-19 ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ပိုးတွေ့နှုန်းမှာ ၂၁ ဒသမ ၈၄ ရာခိုင်နှုန်း ရှိကြောင်း ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)က ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ မြို့နယ်များအနက် ဟိုပုံးမြို့နယ်တွင် ၁၃၈ ဦးဖြင့် COVID-19 ပိုး အများဆုံး တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ပိုးတွေ့ ရာခိုင်နှုန်းမှာ ၅၅ ဒသမ ၄၂ ရာခိုင်နှုန်း ရှိသည်ဟု သိရသည်။