NUCC ၏ ပြည်သူ့ညီလာခံတွင် ခွန်မြင့်ထွန်း မိန့်ခွန်း ပြောဆိုမှုမှာ PNFC ဥက္ကဌ တာဝန်ဖြင့် ပြောဆိုခြင်း ဖြစ်‌ကြောင်း ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

NUCC ၏ ပြည်သူ့ညီလာခံတွင် ခွန်မြင့်ထွန်း မိန့်ခွန်း ပြောဆိုမှုမှာ PNFC ဥက္ကဌ တာဝန်ဖြင့် ပြောဆိုခြင်း ဖြစ်‌ကြောင်း ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ‌ကောင်စီ (NUCC) မှ ဦးဆောင်ကျင်းပသော ပထမအကြိမ် ပြည်သူ့ညီလာခံတွင် ခွန်မြင့်ထွန်း မိန့်ခွန်း ပြောဆိုမှုသည် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဌ တာဝန်ဖြင့် PNFC ၏ ရပ်တည်ချက် သဘောထားများကို ပြောဆိုခြင်း ဖြစ်ကြောင်း PNFC က ထုတ်ပြန်သည်။

.

ထို့အတူ မိန့်ခွန်း ပြောဆိုမှုသည် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) ဒုဥက္ကဌ အနေဖြင့် ပြောဆိုခြင်း မဟုတ်ကြောင်းကိုလည်း ရှင်းလင်း ဖော်ပြထားသည်။

.

ခွန်မြင့်ထွန်းသည် PNLO/PNLA ၏ ဒုဥက္ကဌ ဖြစ်သကဲ့သို့ PNFC ဥက္ကဌ တာဝန်ကိုလည်း ထမ်းဆောင်နေသူ ဖြစ်ကာ NUCC ၏ ပြည်သူ့ညီလာခံသို့ ခွန်မြင့်ထွန်း အပါအဝင် PNFC ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

.

PNLO/PNLA သည် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ဖြစ်ကာ PNFC သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်က ပြုလုပ်သည့် ၇၂ နှစ်မြောက် ပအိုဝ်းအမျိုးသားလွတ်မြောက်မှုတော်လှန်ရေးနေ့ တွင် ပအိုဝ်းတော်လှန်ရေးအင်အားစုများ ပူးပေါင်းကျင်းပသည့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ညီလာခံက ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်း ဖြစ်သည်။

.

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ‌ကောင်စီ (NUCC) မှ ဦးဆောင်ကျင်းပသော ပထမအကြိမ် ပြည်သူ့ညီလာခံကို ဇန်နဝါရီလ ၂၇ ရက်မှ စတင်၍ ၃ ရက်တာ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ညီလာခံသို့ CRPH အပါအဝင် ရွေးကောက်ပွဲလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊ နိုင်ငံရေးပါတီများ၊ သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့် လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံ့ဝန်ထမ်း CDM များ၊ CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ကြားကာလ ပြည်နယ်ဖက်ဒရယ်ယူနစ်ကိုယ်စားပြု ကော်မတီဝင်များ၊ စုစုပေါင်း ကိုယ်စားလှယ် ၄၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats