စစ်ကောင်စီတပ်က MNDAA (ကိုးကန့်) မန်ရန် နှင့် ရှိကျိကျတောင်တန်း တပ်စခန်းကို ဇန်နဝါရီလ ၆ ရက်မှ ၇ ရက်ထိ ၂ ရက်တာအတွင်း လက်နက်ကြီးဖြင့် ၁၀၀ ကျော်ခန့် ပစ်ခတ်ခဲ့ကြောင်း The Kokang ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အပြင် စက်သေနတ်နှင့် စနိုက်ဘာများကိုပါအသုံးပြု ပစ်ခတ်ခဲ့သဖြင့် MNDAA ဘက်မှ တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်သည်။
.
အထူးဒေသ(၁) မုံးကိုး၌ စစ်ကောင်စီတပ်နှင့် MNDAA(ကိုးကန့်)တပ်တို့ တိုက်ပွဲ စတင်ဖြစ်ပွားချိန်မှ စ၍ လက်ရှိအချိန်ထိ စစ်ကောင်စီဘက်မှ ကြည်းတပ်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှု မရှိသည့် အခြေအနေတွင် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်သည်မှာ သုံးလေ့သုံးထ ရှိသည့် စစ်ပရိယာယ်တစ်မျိုး ဖြစ်သည်ဟု သိရသည်။
.
စစ်ကောင်စီတပ်သည် မုံးကိုးဒေသသို့ အင်အား အလုံးအရင်းဖြင့် ဆက်လက် တိုးချဲ့နေသောကြောင့် တိုက်ပွဲမှာ ကာလတို အချိန်အတွင်း၌ ရပ်ဆိုင်းနိုင်မည် မဟုတ်ဟု သုံးသပ်ကြောင်း The Kokang က ထုတ်ပြန်သည်။