အထူးဒေသ(၁) မုံးကိုး၊ ပန်ရင်လပဒေသ၌ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA (ကိုးကန့်) နှင့် စစ်ကောင်စီတပ်တို့ ဇန်နဝါရီလ ၁၇ ရက်၊ ညနေပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီတပ်၏ ကင်းလှည့် အဖွဲ့သည် ပန်ရင်လပရှိ MNDAA တပ်စခန်းကို ထိုးစစ်ဆင်ရန် ချဉ်းကပ်လာစဉ် MNDAA ဘက်က ဦးစွာကြားဖြတ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှ မိနစ် ၂၀ ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း The Kokang က ယနေ့တွင် ထုတ်ပြန်သည်။
.
တိုက်ပွဲအတွင်း MNDAA ဘက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု အခြေအနေကို အတိအကျ မသိရပေ။
.
စစ်ကောင်စီ တပ်များသည် ဇန်နဝါရီလ ၁၆ ရက်မှ ၁၇ ရက်အထိ MNDAA ၏ မန်ရန်တပ်စခန်းနှင့် မန်ကုန်တပ်စခန်းကို လက်နက်ကြီး ပစ်ခတ်မှုပေါင်း ၂၀ ကျော်ခန့်၊ စက်သေနတ်ဖြင့် ၃၀၀ ကျော်ခန့် ၊ Sniper ဖြင့်၁၀၀ ကျော်ခန့် ပစ်ခတ်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။