MNDAA နှင့် စစ်ကောင်စီတပ်တို့ ၂ နာရီခန်ကြာ တိုက်ပွဲ ဖြစ်၊ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူ အချို့ ရှိခဲ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

MNDAA နှင့် စစ်ကောင်စီတပ်တို့ ၂ နာရီခန်ကြာ တိုက်ပွဲ ဖြစ်၊ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူ အချို့ ရှိခဲ့


မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်နှင့် စစ်ကောင်စီ တပ်တို့ ဇန်နဝါရီလ ၁၅ ရက်၊ နေ့လယ်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာ ရသူအချို့ ရှိခဲ့ကြောင်း သိရသည်။

.

တပ်ရင်း ၃ ရင်းဖြင့် စုဖွဲ့ထားသည့် အင်အား ၂၀၀ ကျော်ခန့် ရှိသော စစ်ကောင်စီတပ်သည် ရှိမာကျိုက်ဒေသရှိ MNDAA ၏ တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်လာခြင်း ဖြစ်ကာ ၂ နာရီခန့်ကြာ ဖြစ်ပွားသည့် ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာ အချို့ ရှိခဲ့ကြောင်းနှင့် MNDAA ဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း The Kokang က ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

ထို့အတူ MNDAA ၏ မန်ရန်တပ်စခန်းကို စစ်ကောင်စီတပ်က ၃ ရက်ဆက်တိုက် လက်နက်ကြီးများ၊ စက်သေနတ်များ၊ Sniper များ အသုံးပြု၍ မရပ်မနား ထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက်ခဲ့‌ကြောင်းလည်း သိရသည်။

Journal Download

Photo of three cats