မုံးကိုးဒေသရှိ စစ်ရှောင်များကို MNDAA က ထောက်ပံ့ ကူညီမှုများ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မုံးကိုးဒေသရှိ စစ်ရှောင်များကို MNDAA က ထောက်ပံ့ ကူညီမှုများ ပြုလုပ်


စစ်ကောင်စီနှင့် MNDAA (ကိုးကန့်) အဖွဲ့တို့၏ ၅ လကျော်ကြာ တိုင်ပွဲကြောင့် စစ်ရှောင်နေကြရသည့် မုံးကိုးဒေသရှိ ပြည်သူများကို MNDAA က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ လကုန်ပိုင်းတွင် ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

MNDAA ၏ COVID-19 ရောဂါထိန်းချုပ် ကုသရေးပူးတွဲ အဖွဲ့သည် MNTJP ၊ အထူးဒေသ(၁) အုပ်ချုပ်ရေးအဖွဲ့၊ MNDAA စစ်ရေးကော်မတီများ၏ ညွှန်ကြားချက်အရ အုပ်စုများ ခွဲ၍ ဒေသတွင်း ကျေးရွာ ၈ ရွာမှ ဒေသခံပြည်သူများအား စားနပ်ရိက္ခာနှင့် ထောက်ပံ့ကြေးငွေကို ထောက်ပံ့ ကူညီခဲ့ခြင်း ဖြစ်သည်ဟု The Kokang က ယနေ့တွင် ထုတ်ပြန်ခြင်း ဖြစ်သည်။

.

ထို့အပြင် တိုက်ပွဲအတွင်း ပျက်ဆီး ဆုံးရှုံးခဲ့သည့် နေအိမ်နှင့် သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များကို ဆန်နှင့် တရုတ်ငွေ ယွမ် ၁၅ဝဝ စီ ထောက်ပံ့ ပေးခဲ့‌ကြောင်းလည်း သိရသည်။

.


စစ်ဘေးဒဏ်ကို လနှင့်ချီ ခံစားနေရပြီး ထွက်ပြေး တိမ်းရှောင်နေရသော ပြည်သူလူထုမှာ စားဝတ်နေရေး အခက်အခဲများနှင့် ကြုံတွေ့နေရကာ စစ်ကောင်စီသည် လူသား မဆန်သော လုပ်ရပ်များဖြင့် ဒေသခံပြည်သူများ၏ လူ့အခွင့်အရေးကို ပြင်းထန်စွာ ချိုးဖောက်နေပြီး အရပ်သားများ၏ အကျိုးစီးပွားနှင့် လုံခြုံရေးကိုလည်း ပြင်းထန်စွာ ထိခိုက်နေလျက် ရှိကြောင်းနှင့် စစ်ကောင်စီ၏ လက်နက်ကြီးအောက်တွင် ဒေသခံပြည်သူလူထုတို့ အသက် ပေးဆက်ခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

.

မုံးကိုးဒေသတွင် စစ်ကောင်စီသည် လပေါင်း များစွာ ထိုးစစ်ဆင် တိုက်ခိုက်နေသော်လည်း အောင်မြင်မှု မရှိသည့်အတွက် မကျေမနပ် ဖြစ်နေရခြင်းကြောင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်လာနိုင်ဖွယ် ရှိကြောင်း အသိပေးထားသည်။



Journal Download

Photo of three cats