စစ်ကောင်စီ၏ ခမရ (၆၄၂)မှ တပ်သား မျိုးလွင်ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA )ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း KNU မူတြော်သတင်းစဉ်က ယနေ့ ဇန်နဝါရီလ ၂၈ ရက်တွင် ထုတ်ပြန်သည်။
.
တပ်သား မျိုးလွင် အနေဖြင့် စစ်ကောင်စီ၏ လုပ်ရပ်အား မကြိုက်နှစ်သက်တော့သည့်အတွက် အလင်းဝင်ခြင်း ဖြစ်ကြောင်း သိရသည်။
.
စစ်အာဏာသိမ်းမှု ကာလအတွင်း KNU/KNLA ထိန်းချုပ်ရာ ဒေသသို့ ဆက်သွယ်၍ စစ်ကောင်စီဘက်မှ အလင်းဝင်လာသူ ၄၇ ဦးအထိ ရှိပြီ ဖြစ်ကြောင်း သိရသည်။