၁၅ ရက်အတွင်း တိုက်ပွဲ ၁၈၁ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၅၉ ဦး သေဆုံးခဲ့ကြောင်း KNU ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

၁၅ ရက်အတွင်း တိုက်ပွဲ ၁၈၁ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၅၉ ဦး သေဆုံးခဲ့ကြောင်း KNU ထုတ်ပြန်


ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ အကြား ပစ်ခတ်တိုက်ခိုက်မှုပေါင်း ၁၈၁ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၅၉ ဦး သေဆုံး၍ ၁၀၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု KNU က ထုတ်ပြန်သည်။

.

ထို့အတူ တိုက်ပွဲအတွင်း KNLA နှင့် KNDO တို့ဘက်ကလည်း ၁၃ ဦးကျဆုံး၍ ၁၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့‌ကြောင်း သိရသည်။

.

စစ်ကောင်စီတပ်များနှင့် ၎င်းတို့၏ လက်အောက်ခံ တပ်များသည် ပြည်သူလူထုနေထိုင်ရာ ကျေးရွာများနှင့် လုပ်ငန်းခွင်များအတွင်းသို့  လက်နက်ကြီး ပစ်ချမှုပေါင်း အလုံးရေ ၂၀၀ ကျော် ရှိခဲ့သည့် အပြင် လေယာဉ်ဖြင့် ၇ ကြိမ် ဗုံးကြဲ တိုက်ခိုက်မှု ပြုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ယင်းကဲ့သို့ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် အပြစ်မဲ့ပြည်သူ ၇ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် ပြည်သူလူထု ၅၀၀၀၀ ကျော် စစ်ဘေးရှောင်‌ နေကြရသည်ဟု သိရသည်။

Journal Download

Photo of three cats