စစ်ဘေးရှောင်များကို KNU က လူသားချင်းစာနာမှု အကူအညီများ ပေးနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ဘေးရှောင်များကို KNU က လူသားချင်းစာနာမှု အကူအညီများ ပေးနေ


KNU နယ်မြေကို အာဏာသိမ်း စစ်‌ကောင်စီ တပ်က နယ်ကျော်ဝင်ရောက် စစ်ရေးလှုပ်ရှား နေမှုများကြောင့် တော/တောင်များအတွင်း စစ်ဘေးရှောင်နေရသည့် ဒေသခံပြည်သူများကို KNU က လူသားချင်းစာနာမှု အကူအညီများ ပေးနေကြောင်း သိရသည်။

.

KNU - မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် ထွီသီးအူရှိ စစ်ဘေးရှောင် ပြည်သူလူထုအား စောင်၊ ခြင်ထောင်၊ ဆန်၊ ဆီ၊ ဆား စသည့် ပစ္စည်းကို KNU/KNLA တပ်ဖွဲ့ဝင်များက ဇန်နဝါရီလ ၈ ရက်တွင် သွားရောက်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.


KNU မူတြော်ခရိုင်အတွင်း အာဏာသိမ်းစစ်ကောင်စီ တပ်များသည် စစ်ရေးလှုပ်ရှားမှု၊ နယ်မြေစိုးမိုးမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စဥ်ဆက်မပြတ် ပြုလုပ်နေသောကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့နှင့် ထိတွေ့ပြီး နေ့စဥ် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလျက် ရှိကြောင်းလည်း သိရသည်။

.

ဒေသတွင်း တိုက်ပွဲများတွင် အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းကို လူနေရပ်ကွက် မရှောင် ပြုလုပ်နေသဖြင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။



Journal Download

Photo of three cats