ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့၌ ပိုမို ပြင်းထန်လာသည့် တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူများသည် နေရာ အိုးအိမ်ကို စွန့်ခွာ တိမ်းရှောင်နေကြရာ ကျန်ရှိခဲ့သော အိုးအိမ်များအား ဖောက်ထွင်းခိုးယူသူများကို တွေ့ရှိပါက အသက် အာမခံချက် မရှိကြောင်း KNDF က ယနေ့ ဇန်နဝါရီလ ၁၁ ရက်တွင် သတိပေး ထုတ်ပြန်သည်။
.
ပြည်သူများ စွန့်ခွာချန်ထားခဲ့သော အိုးအိမ်နေရာများကို ကာကွယ် စောင့်ရှောင့်ရမည်မှာ ၎င်းတို့၏ တာဝန်ဖြစ်၍ တတ်စွမ်းသမျှ ကာကွယ်သွားမည်ဟု KNDF က ကတိပြုသည့် အပြင် မသမာသူ သူခိုးများ၏ လှုပ်ရှားသော သတင်း ရရှိပါကလည်း ဆက်သွယ်ပေးရန် မေတ္တာရပ်ခံထားသည်။
.
ထို့အတူ စစ်ဘေးရှောင် ပြည်သူများအား ယာဉ်လိုင်းများ၊ ကားသမားများမှ ပုံမှန် ပို့ဆောင်သည့် နှုန်းထား (ကားခ) ထက် ပို မကောက်ရန်ကိုလည်း အသိပေး ဖော်ပြထားသည်။