ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့ရှိ တိုက်ပွဲ ဖြစ်ပွားသော နေရာ ရပ်ကွက်များကို ပြည်သူများ မသွားလာကြရန် KNDF (B-02) က ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် အသိပေး ထုတ်ပြန်သည်။
.
လွိုင်ကော်မြို့ မိုင်းလုံး၊ ပန်ကန်း၊ ရွာတန်းရှည် တစ်ဝိုက်တွင် စစ်ကောင်စီ တပ်များအား KA ၊ KNDF နှင့် PDF များက အစွမ်းကုန် ခုခံတော်လှန်ရင်း တိုက်ပွဲ ဖြစ်လာရာ စစ်မြေပြင် ဖြစ်နေသည့်အတွက် ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
မြေပြင်တိုက်ပွဲ အခြေအနေအရ မေတ္တာရပ်ခံထားသော ထုတ်ပြန်ချက်များကို ပြည်သူများ အနေဖြင့် လိုက်နာပေးကြရန်ကိုလည်း အသိပေးထားသည်။
.
ကရင်နီ (ကယား)ပြည်နယ် အတွင်း၌ စစ်ကောင်စီ တပ်၏ လေကြောင်း အသုံးပြု ပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ အစရှိသည့် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများကြောင့် ဒေသခံ တိုင်းရင်းသား ပြည်သူအချို့ သေဆုံး၍ နေအိမ်များလည်း ပျက်ဆီးခဲ့ရသည့် အပြင် ရာနှင့် ချီသော အပြစ်မဲ့ ပြည်သူများသည် စစ်ဘေးရှောင် အဖြစ် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။