လွိုင်ကော်ခရိုင် စုပေါင်းရုံးမှ စစ်ကောင်စီအဖွဲ့ကို KDF နှင့် GZ - 21 ပူးပေါင်းတိုက်ခိုက်၊ စစ်ကောင်စီအဖွဲ့ ၁၅ ယောက်ခန့် သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွိုင်ကော်ခရိုင် စုပေါင်းရုံးမှ စစ်ကောင်စီအဖွဲ့ကို KDF နှင့် GZ - 21 ပူးပေါင်းတိုက်ခိုက်၊ စစ်ကောင်စီအဖွဲ့ ၁၅ ယောက်ခန့် သေဆုံး


ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ရှိ ခရိုင် ထွေ/အုပ် စုပေါင်းခရိုင်ရုံးမှ စစ်ကောင်စီအဖွဲ့အား ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)၊ GZ -21 (Loikaw) တို့ ပူးပေါင်း၍ ယနေ့ ဇန်နဝါရီလ ၁၉ ရက်တွင် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

.

တိုက်ခိုက်မှုအတွင်း ခရိုင်စုပေါင်းရုံး၌ ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီအဖွဲ့ ၁၅ ယောက်ခန့် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့သည်ဟု  KDF က ထုတ်ပြန်သည်။

.


အဆိုပါ တိုက်ပွဲမှာ အချိန် ၁ နာရီကျော်ကြာ ပြင်းထန်စွာ ဖြစ်ပွားခဲ့‌ကြောင်းနှင့် အထိနာသည့် စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အထိအခိုက် မရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats