KA၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိနိုင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

KA၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိနိုင်


ကရင်နီတပ်မတော် (KA)၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့တွင် တိုက်ပွဲ ၃ နေရာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိနိုင်သည်ဟု KNDF သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ ဇန်နဝါရီလ ၁ ရက်တွင် ထုတ်ပြန်သည်။

.

ဒီးမော့ဆိုမြို့ ငွေတောင်ဆည်အနီးနှင့် မြို့မရဲစခန်းတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး ငွေတောင်ဆည်အနီး ပြည်အောင်ရတနာ ဆီဆိုင်အဆောက်အဦးကိုလည်း ပိတ်ဆို့တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဘက်မှ ၃၀ ဦးခန့် ထိခိုက်ကျဆုံးမှု ရှိနိုင်ကြောင်းနှင့် စစ်ကောင်စီတပ်မျမှ အထိနာသည့်အတွက် တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များဖြင့် လေကြောင်းပစ်ကူ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

တိုက်ပွဲမှာ နံနက် ၈ နာရီခွဲမှ ညနေ ၆ နာရီထိ ၁၀ နာရီကြာ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် အဆက်မပြတ် ပစ်ခတ်မှုကြောင့် ပူးပေါင်းတပ်ဖွဲ့မှ တစ်ဦး ဒဏ်ရာပြင်းထန်ခဲ့ပြီး တပ်ဖွဲ့ဝင် အချို့တွင် မစိုးရိမ်ရသည့် ထိခိုက်မှုများ ရှိခဲ့‌ကြောင်းလည်း ထုတ်ပြန်ထားသည်။

.

ဒီးမော့ဆိုမြို့နယ်၊ ထီးပွင့်ကန် အနီးတွင်လည်း ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည့် အပြင် ဖရူဆိုမြို့နယ်၊ ထီသော်တနီးနှင့် လောထောတနော ကျေးရွာအနီးတွင် ၃ နာရီခန့်ကြာ KA ၊ KNDF တပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က ၃ ဦး သေဆုံးခဲ့‌ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

.

အဆိုပါ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီဘက်ကမူ တစ်စုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

Journal Download

Photo of three cats