ပြည်သူ့ကာကွယ်ရေးတပ် ဒိီးမော့ဆို (DMO -PDF) တပ်ရင်း (G) ၏ " အထူးတိုက်ပွဲ၀င်သင်တန်းဆင်းပွဲ" အခမ်းအနားကို ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ သင်တန်းဆင်းပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO-PDF) အလံကို အလေးပြုခြင်း၊ သစ္စာအဓိဌာန် ၄ ချက် ရွတ်ဆိုခြင်းများ ဆဆောင်ရွက်ခဲ့ပြီး တိုက်ပွဲဝင် စစ်နည်းဗျူဟာ၊ ကိုယ်ခံပညာနှင့် ရန်သူ့အငိုက်ဖမ်းကွက်များကို သရုပ်ပြခဲ့သည်ဟု DMO-PDF Fundraising က မှတ်တမ်းဓါတ်ပုံများနှင့် အတူ ယနေ့တွင် ထုတ်ပြန်သည်။
.
ထို့အတူ စစ်ကောင်စီကို တော်လှန်နိုင်ရန် သင်တန်းများ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သော်လည်း လက်နက်ခဲယမ်းများ လလိုအပ်မေသည့်အတွက် လှူဒါန်းနိုင်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။