ပင်းတယမြို့နယ်၌ CDM ရဲ ၂ ဦး အပါအဝင် ပြည်သူ ၂၀ ကျော် အဖမ်းခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်းတယမြို့နယ်၌ CDM ရဲ ၂ ဦး အပါအဝင် ပြည်သူ ၂၀ ကျော် အဖမ်းခံရ


ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ CDM ရဲတပ်ဖွဲ့ဝင် ၂ ဦး အပါအဝင် ပြည်သူ ၂၀ ဦးကျော်သည် ဇန်နဝါရီလ ၂၀ ရက်၊ နေ့လယ်ပိုင်းက စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်ဟု သိရသည်။

.

အဆိုပါ ဖမ်းဆီးခံရသူများမှာ ပန်းစစ်ကျေးရွာတွင် ရောက်ရှိနေသည် CDM  ရဲ ၁ ဦး၊ အသက် ၇၀ အရွယ် ၎င်း၏ဖခင်၊ အုပ်ချုပ်ရေးမှူး အပါအဝင် ဒေသခံပြည်သူ ၂၀ ဦး၊ ဈေးတန်းရပ်ကွက်မှ CDM ရဲ ၁ ဦးနှင့် ကံသာကျေးရွာမှ ပရဟိတသမား ၃ ဦး၊ စုစုပေါင်း ၂၄ ဦးတို့ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

.

ဖမ်းဆီးခံရသူ CDM ရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့် ကျေးရွာသားများကို စစ်ကောင်စီက မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးပေ။

.

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင်လည်း လူငယ် ၃ ဦးကိုလည်း စစ်ကောင်စီက ယမန်နေ့တွင် ဖမ်းဆီးခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေလျက် ရှိသည်။

Journal Download

Photo of three cats