တောင်ကြီးတက္ကသိုလ် CDM စာရင်းကို တနင်္လာနေ့ အရောက် ပေးပို့ရန် ရပခက ညွှန်ကြားထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတက္ကသိုလ် CDM စာရင်းကို တနင်္လာနေ့ အရောက် ပေးပို့ရန် ရပခက ညွှန်ကြားထား


တောင်ကြီးတက္ကသိုလ်မှ CDM စာရင်းကို လာမည့် ဇန်နဝါရီလ ၁၀ ရက်၊ တနင်္လာနေ့ အရောက် ပေးပို့ရန် အရှေ့ပိုင်းတိုင်း စစ်‌ဌာနချုပ်က ယင်းတက္ကသိုလ်သို့ ညွှန်ကြားထားသည်ဟု သိရသည်။

.

" ရပခ က တောင်ကြီးတက္ကသိုလ် CDM စာရင်းကို  Monday နောက်ဆုံးထား ပေးပို့ရမယ် ပြောလာလို့ စီမံက လိပ်စာနဲ့တကွ ပြုစုပေးပို့ဖို့ လုပ်နေပြီ။" ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

.

ယင်းကဲ့သို့ တောင်ကြီးတက္ကသိုလ် CDM စာရင်းကို တောင်းခံသည့် ရည်ရွယ်ချက်အား မသိရသေးပေ။

Journal Download

Photo of three cats