စစ်ကောင်စီတပ်သား ၁ ဦး CDM ပြုလုပ်၍ လက်နက်/ခဲယမ်း အပြည့်ဖြင့် ရေစကြို PDF ထံ အလင်းဝင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီတပ်သား ၁ ဦး CDM ပြုလုပ်၍ လက်နက်/ခဲယမ်း အပြည့်ဖြင့် ရေစကြို PDF ထံ အလင်းဝင်

ရေစကြိုမြို့နယ်မှ စစ်ကောင်စီတပ်သား အာဘဲလက် သည် CDM ပြုလုပ်ကာ လက်နက်/ခဲယမ်းအပြည့်အစုံဖြင့် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ အလင်းဝင်၍ ပူးပေါင်းခဲ့ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

.

တပ်သား အာဘဲလက် သည် MA-2 ၁ လက်၊ ကျည်အိမ် ၅ ခု ၊ကျည် ၁၃၅ တောင့် နှင့်အတူ CDM ပြုလုပ်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းခဲ့ခြင်း ဖြစ်ပြီး ၎င်းကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

.

CDM ပြုလုပ်ကာ ပြည်သူရင်ခွင် ခိုလှုံ လိုသူများအား ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကြိုဆိုလက်ခံပြီး လွတ်မြောက်နယ်မြေသို့ တာဝန်ယူ ပို့ဆောင်ပေးမည် ဖြစ်ကြောင်းကိုလည်း အသိပေးဖော်ပြထားသည်။

Journal Download

Photo of three cats