စစ်ကောင်စီတပ်မှ ဗိုလ်ကြီး တစ်ဦး CDF-KKG ထံ လက်နက်/ခဲယမ်း အပြည့်အစုံဖြင့် CDM ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

စစ်ကောင်စီတပ်မှ ဗိုလ်ကြီး တစ်ဦး CDF-KKG ထံ လက်နက်/ခဲယမ်း အပြည့်အစုံဖြင့် CDM ပြုလုပ်


မုံရွာ ကြားစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ကောင်းသူဝင်းသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်က လက်နက်/ခဲယမ်း အပြည့်အစုံဖြင့် CDF-KKG ထံ CDM ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

ပြည်သူလူထု တစ်ရပ်လုံးအပေါ် ကျူးလွန်သည့် စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များ၊ မတရားမှုများကို စက်ဆုပ်သည့်အတွက် ၎င်းအနေဖြင့် CDM ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

.

ဗိုလ်ကြီး ကောင်းသူဝင်းသည်၊ စစ်တက္ကသိုလ် အပတ်စဉ် (၅၂) သင်တန်းဆင်း ဖြစ်ကာ လက်ရှိတွင် ၎င်းနှင့် မိသားစုကို လုံခြုံစိတ်ချမှု အပြည့်ရှိသည့် နေရာဒေသသို့ ပို့ဆောင်၍ ထိုက်သင့်သောဆုကြေးငွေကိုလည်း ပေးအပ်ပြီး ဖြစ်ကြောင်း CDF-KKG က ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင်ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats