နမ့်ခမ်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေး ၃ ဦး အပါအဝင် အရပ်သားများ ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်ခမ်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေး ၃ ဦး အပါအဝင် အရပ်သားများ ဒဏ်ရာရ


နမ့်ခမ်းမြို့၌ ယနေ့  ဇန်နဝါရီလ ၅ ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် အသက် ၂ နှစ်နှင့် ၅ နှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သား ၆ ဦး ဒဏ်ရာရခဲ့‌ကြောင်း သိရသည်။

.
မြို့ အနီးဝန်းကျင်သို့ TNLA တပ်ဖွဲ့ ရောက်လာချိန် တိုက်ပွဲ မဖြစ်ပွားမီ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း ဖြစ်ပြီး ယင်း ပစ်ခတ်မှုကြောင့် နောင်စန့်ကုန်းရှိ အသက် ၂ နှစ်အရွယ် ဂျာဆိုင်းဆိန်၊ ၅ နှစ်အရွယ် ဆွတ်ရိန်အောင် နှင့် မာရွယ်ပန်၊ ၃၂ နှစ်အရွယ် ဦးမာတူး ၊ ၆၆ နှစ်အရွယ် ဒေါ်ရွယ်ကျီး၊ ၆၀ နှစ်အရွယ် ဒေါ်ထုဆိုင်းတို့တွင် ထိခိုက်ဒဏ်များ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ရွှေဖီမြေ၏ ဖော်ပြချက်အရ သိရသည်။
.


နမ့်ခမ်းမြို့မဈေးတွင်  TNLA မှ အခွန်တိုးကောက်၍ဟု ဆိုကာ ဈေးသူ/သားများက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း ဈေးကို ၅ ရက်ပိတ်၍ ဆန္ဒပြခဲ့ကြပြီး ယမန်နေ့ကလည်း TNLA တပ်ဖွဲ့ဝင် ၂ ဦးသည် နမ့်ခမ်းတွင် အမည်မသိ လက်နက်ကိုင်များ၏  ပစ်သတ်မှုကို ခံရကြောင်း သိရသည်။

Journal Download

Photo of three cats