တမူးတွင် ကားမိုင်းဆွဲခံရပြီး ရဲမှူး ၂ ဦး အပါအဝင် ရဲ ၅ ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တမူးတွင် ကားမိုင်းဆွဲခံရပြီး ရဲမှူး ၂ ဦး အပါအဝင် ရဲ ၅ ဦး သေဆုံး


စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်က ကားမိုင်းဆွဲခံရပြီး ရဲမှူး၂ ဦး အပါအဝင် စုစုပေါင်း ရဲ ၅ ဦး သေဆုံးခဲ့‌ကြောင်း သိရသည်။

.

အဆိုပါ သေဆုံးသူများမှ ရဲမှူး သောင်းမြင့်၊ ဒုရဲမှူး ဝင်းနိုင်၊ ရဲအုပ် မိုးထက်နိုင်၊ ရဲတပ်ကြပ် ဇော်မင်းအောင် နှင့် ရဲဒုတပ်ကြပ်ကျော်ဇင်ထိုက် တို့ ဖြစ်ကြောင်း သိရသည်။

.

ရဲမှူး သောင်းမြင့်၊ ရဲတပ်ကြပ် ဇော်မင်းအောင်နှင့် ရဲဒုတပ်ကြပ် ကျော်ဇင်ထိုက်တို့သည် တမူးခရိုင်တရားရုံးတွင် စွဲဆိုထားသည့် မူးယစ်မှုအား သက်သေခံရန် သွားရောက်စဥ် ဒုရဲမှူး ဝင်းနိုင်နှင့် ရဲအုပ် မိုးထက်နိုင်တို့မှာ လမ်းကြုံ လိုက်ပါခြင်း ဖြစ်ပြီး ၎င်းတို့ စီးနင်းလာသည့် မော်တော်ယာဉ်သည် တမူးမြို့နယ်၊ ဝိတုတ်ကျေးရွာနှင့် ရန်လင်းဖိုင် ကျေးရွာကြားတွင် မိုင်းခွဲ တိုက်ခိုက်ခံရပြီးနောက် မီးလောင်ပျက်ဆီးကာ ရဲ ၅ ဦးလည်း သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို တမူး PDF တပ်ရင်း ၃ က လုပ်ဆောင်ခြင်း ဖြစ်ကြောင်းနှင့် သေဆုံးသွားသည့် ရဲ ၅ ဦးထံမှ ခြောက်လုံးပြုး သေနတ် ၁ လက် ၊ MA-13 သေနတ် ၁ လက်နှင့် ကျ‌ည် ၅ တောင့်၊ MA-13 သေနတ် ၁ လက်နှင့် ကျည် ၂၀ တောင့်ကို သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats