တောင်ကြီး၌ စစ်အာဏာရှင် ဆန့်ကျင်ရေးစာတန်းအား ဖြုတ်စဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး၌ စစ်အာဏာရှင် ဆန့်ကျင်ရေးစာတန်းအား ဖြုတ်စဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွား


တောင်ကြီးမြို့၊ မြကန်သာအဝိုင်း အနီး၌ ယနေ့ ဇန်နဝါရီလ ၁၄ ရက်တွင် ကပ်ထားသည့် စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းအား ဖြုတ်စဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့‌ပြီး ပေါက်ကွဲမှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုများ ရှိကြောင်း TSR ၏ ထုတ်ပြန်ချက်အရ သိရသည်။

.

" နံနက် ၁၀ နာရီခွဲခန့် မြကန်သာအဝိုင်းအနီး သတိပေးစာတန်း လာဖြုတ်ကြသည့် စစ်ကောင်စီမှ စစ်ခွေးများ ပေါက်ကွဲမှုတွင် ထိခိုက်မှုရှိခဲ့သည်ဟု သိရှိရပါသည်။ တောင်ကြီး Local PDF တစ်ဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။" ဟု Taunggyi Support Revolution က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

ထို့အတူ ပြည်သူများ အနေဖြင့် ဘာမြင်မြင် မကိုင်ကြည့်ရန်နှင့် စကစ (စစ်ကောင်စီ) လုပ်ငန်းများ၊ ရုံးများနှင့် အဝေးဆုံးတွင် နေပေးကြပါရန် မေတ္တာရပ်ခံ‌ကြောင်းကိုလည်း ထုတ်ပြန် အသိပေးထားသည်ကို တွေ့ရသည်။

Journal Download

Photo of three cats