မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၌ အမျိုးသမီးတစ်ဦးကို အမျိုးသား ၃ ဦးက ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်၊ နံနက်ပိုင်းတွင် ဓါးဖြင့် ဝိုင်းခုတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
ဓါးဖြင့် အခုတ်ခံရသူမှာ အသက် ၃၀ အရွယ် မမေဇင် ဆိုသူဖြစ်ပြီး ဓါးခုတ်ခံရမှုကြောင့် ညာဘက် ခြေနှင့် လက် တို့ ပြတ်သွားသည့် အပြင် အခြား ဒဏ်ရာများလည်း ရရှိခဲ့သည်ဟု သိရသည်။
.
ယင်းကဲ့သို့ ဓါးဖြင့် အခုတ်ခံရသည့် အကြောင်းအရင်းကို မသိရဘဲ ၎င်းကို လားရှိုးဆေးရုံသို့ လူမှုကူညီရေးအသင်းက ပို့ဆောင်ထားကြောင်း သိရသည်။