စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ် လမ်းပိုင်း အတွင်း စစ်ကောင်စီထုတ်ကုန် ဘီယာများ တင်ဆောင်၍ ကသာမှ မော်လူးဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဥ်ကို KIA နှင့် အင်းတော် PDF တို့က ဇန်နဝါရီလ ၁၈ ရက်တွင် ဖမ်းဆီးပြီးနောက် ဘီယာများကို ဖျက်ဆီးခဲ့သည်ဟု သိရသည်။
.
ယင်းကဲ့သို့ ဖျက်ဆီးခဲ့သည့် စစ်ကောင်စီထုတ်ကုန်များမှာ ဘီယာဖာ ၁၃၃ ဖာ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စစ်ကောင်စီထုတ်ကုန်များကို တင်ဆောင်လာသည် မော်တော်ယာဉ်ဖြင့် မောင်းနှင် ဖျက်ဆီးစေခြင်း ဖြစ်ပြီး ယာဉ်ပေါ် ပါသူ ၄ ဦးကိုမူ ပြန်လည် စေလွှတ်ပေးခဲ့သည်ဟု သိရသည်။