နောင်ချိုမြို့နယ်ရှိ ရွှေဆိုင် ဓါးပြ တိုက်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

နောင်ချိုမြို့နယ်ရှိ ရွှေဆိုင် ဓါးပြ တိုက်ခံရ

နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာ အမှတ် (၄)ရပ်ကွက်ရှိ ရွှေဆိုင်တွင် ဇန်နဝါရီ ၂၅ ရက်၊ နေ့လယ်ပိုင်းက ဓားပြ တိုက်ခံရသည်ဟု သိရသည်။

.

အမည်မသိ အမျိုးသား ၄ ဦးသည် Wish အမျိုးအစား အဖြူ‌ရောင် မော်တော်ယာဉ်ဖြင့် ရွှေဆိုင်သို့ ရောက်ရှိလာပြီးနောက် သေနတ် ပစ်ဖောက်ကာ ရွှေထည်ပစ္စည်းများကို အိတ်ဖြင့်ထည့်၍ ယူဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဓါးပြတိုက်မှုကြောင့် ကျပ်သိန်း ၄၀၀၀ ခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ပါသွားခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများမှာလွတ်မြောက်နေဆဲ ဖြစ်ကြောင်း သိရသည်။




Journal Download

Photo of three cats