ရွာငံမြို့နယ်၌ ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပစ်ခတ်မှုတို့သည် ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ နှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွာငံမြို့နယ်၌ ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပစ်ခတ်မှုတို့သည် ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ နှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်


ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပစ်ခတ်မှုတို့သည် ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့(YUG) နှင့် မသက်ဆိုင်ကြောင်း ယင်းအဖွဲ့ က ထုတ်ပြန်သည်။

.

ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာ၌ ဇန်နဝါရီလ ၂၁ ရက်က ဖြစ်ပွားခဲ့သည့် ဦးကောင်း သတ်ဖြတ် အလောင်းဖျောက်ခံရမှု နှင့် ရွာငံမြို့၊ ဈေးတန်းရပ်ကွက်၌ ဇန်နဝါရီလ ၂၇ ရက်က ဖြစ်ပွားသည့် ပစ်ခတ်မှုတို့သည် ၎င်းတို့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း YUG က ဇန်နဝါရီလ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

YUG ၏ လုပ်ဆောင်ချက်များကို Ye-Ngan Urban Guerrillas တွင် တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် တစ်လလျှင် တစ်ကြိမ် တင်ပြသွားမည်ဟု အသိပေး ရှင်းလင်းထားသည်ကိုလည်း တွေ့ရသည်။

Journal Download

Photo of three cats