ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၈ ဦးတွင် COVID-19 မျိုးရိုးဗီဇပြောင်း အိုမီခရွန်ပိုး ထပ်မံတွေ့ရှိကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၇ ရက်၊ ညပိုင်းတွင် ကြေညာခဲ့သဖြင့် မြန်မာနိုင်ငံတွင် အိုမီခရွန် ပိုးတွေ့သူ စုစုပေါင်း ၂၁၁ ဦး ရှိပြီ ဖြစ်သည်။
.
အိုမီခရွန်ပိုးတွေ့သူ ၂၈ ဦးသည် Relief Flight များဖြင့် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုးရီးယား၊ ယူအေအီး၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့မှ ပြန်လည် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ၄ ဦး၊ ဇန်နဝါရီလ ၇ ရက်က ၁၂ ဦး၊ ဇန်နဝါရီလ ၁၁ ရက်က ၃ ဦး၊ ဇန်နဝါရီလ ၁၂ ရက်က ၂ ဦး၊ ဇန်နဝါရီလ ၁၃ ရက်က ၄၂ ဦး၊ ဇန်နဝါရီလ ၁၄ ရက်က ၃ ဦး၊ ဇန်နဝါရီ ၁၅ ရက်က ၁၀ ဦး၊ ဇန်နဝါရီ ၁၇ ရက်က ၄၂ ဦး၊ ဇန်နဝါရီလ ၂၀ ရက်က ၂၈ ဦး၊ ဇန်နဝါရီလ ၂၄ ရက်က ၃၇ ဦးတို့တွင် အိုမီခရွန်ပိုး စစ်ဆေးတွေ့ ရှိခဲ့သည်ဟု စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရာ ယခု ထပ်မံတွေ့ရှိသူ ၂၈ ဦး ရှိသဖြင့် စုစုပေါင်း ၂၁၁ ဦး ရှိပြီ ဖြစ်သည်။
.
ကမ္ဘာ့ နိုင်ငံပေါင်း ၁၄၀ ကျော်တွင် COVID-19 မျိုးရိုးဗီဇပြောင်း အိုမီခရွန်ပိုး ကူးစက် ပျံ့နှံ့နေလျက်ရှိကာ ၁၁၀ ဦးကျော် သေဆုံးခဲ့ကြောင်း သိရသည်။