လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား၊ ပြည်သူ့နေအိမ်များ မီးရှို့ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား၊ ပြည်သူ့နေအိမ်များ မီးရှို့ခံရ

ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်က DMO-PDF၊ အလယ်ပိုင်းတိုင်း၊ လွိုင်​ကော်(PDF)၊ KNDF၊ KA ပူး​ပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ကြောင်းနှင့် တိုက်ပွဲများအတွင်း ပြည်သူ့နေအိမ်များ မီးရှို့ခံရကြောင်း DMO-PDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

.

လွိုင်​ကော်မြို့နယ်၊ မှုံပြာကန်အနီး၌ ထိုးစစ်ဆင်လာ​သော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်​ရေး ပူး​ပေါင်းတပ်များက ခုခံ တိုက်ခိုက်ရာမှ ၅ နာရီကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပြည်သူပိုင် အိမ် ၁ လုံးကို မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။

.


ထို့အတူ ဒီး​​မော့ဆိုမြို့နယ်၊ စံပြ(၆)မိုင်​ကျေးရွာအုပ်စု၊ ဟိုဖိတ်​ကျေးရွာ၌ ထိုးစစ်ဆင်လာ​သော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်​ရေး ပူး​ပေါင်းတပ်များက ခုခံ တိုက်ခိုက်ရာမှ ၄ နာရီခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပြည်သူပိုင် အိမ် ၅ လုံးထက်မနည်းကို မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။

.

အဆိုပါ တိုက်ပွဲများတွင်း စစ်​ကောင်စီတပ်ဘက်မှ သေဆုံး​မှုနှင့် ထိခိုက်ဒဏ်ရာ ရသူများရှိခဲ့​ကြောင်းနှင့် စစ်​ကောင်စီတပ်သည် လေကြောင်း တိုက်ခိုက်မှုအပြင် လက်နက်ကြီးကို အဓိက အသုံးပြု၍ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု DMO-PDF က ထုတ်ပြန်သည်။

Journal Download

Photo of three cats