ဒီးမော့ဆိုမြို့နယ်၌ နေအိမ် ၁၈ လုံးထက် မနည်း မီးရှို့ဖျက်စီးခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒီးမော့ဆိုမြို့နယ်၌ နေအိမ် ၁၈ လုံးထက် မနည်း မီးရှို့ဖျက်စီးခံရ


ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ကျေးရွာ အုပ်စုဘက်တွင် ယမန်နေ့ ဇန်နဝါရီလ ၇ ရက်က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ဒေသခံပြည်သူများ၏ နေအိမ် ၁၈ လုံးထက် မနည်းကို မိးရှို့ဖျက်စီးခဲ့သည်ဟု KNDF B-09 က ထုတ်ပြန်သည်။

.

ကရင်နီအမျိုးသားကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် နေ့လယ် ၁၂ နာရီခန့် ပစ်ခတ်မှုများ ခေတ္တရပ်စဲချိန် စစ်ကောင်စီဘက်မှ ဒေါပိုးစီ၊ ငါးမိုင်ရွာအတွင်းရှိ လူနေအိမ် အချို့ကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

.


စစ်ကောင်စီဘက်က ညနေ ၃ နာရီခွဲကျော်တွင် ရဟတ်ယာဉ်များဖြင့် ကင်းလှည့်မှုများ ပြုလုပ်ပြီး ဒေါပိုးစီ၊ ငါးမိုင်ရွာ၊ ခြောက်မိုင်ရွာအတွင်းရှိ လူနေအိမ်များကို ဆက်လက် မီးရှို့ခဲ့ရာ အိမ်ခြေ ၁၈ လုံး လောင်ကျွမ်းခဲ့သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

.

ဒီ‌မော့ဆိုမြို့နယ်၊ စံပြ(၆)မိုင်၊ ဘတ်တလင်၊ ဒေါခလိုက်လင်း၊ (၅)မိုင်နှင့် ဒေါပိုးစီကျေးရွာများတွင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီ တပ်များက နေအိမ် ၆၀ ထက်မနည်း မီးရှို့ဖျက်စီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

Journal Download

Photo of three cats