လွိုင်ကော်မြို့နယ် မှုံပြာကန်အနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တစ်ဦး စနိုက်ဘာ ထိမှန် သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွိုင်ကော်မြို့နယ် မှုံပြာကန်အနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တစ်ဦး စနိုက်ဘာ ထိမှန် သေဆုံး


ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ မှုံပြာကန်အနီး၌ ယနေ့ ဇန်နဝါရီလ ၂၇ ရက်၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တစ်ဦး စနိုက်ဘာထိမှန် သေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့သည်ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DMO-PDF)က ထုတ်ပြန်သည်။ 

.

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး အလွန်အကျွံ သုံးစွဲ၍ ပစ်ခတ်ခဲ့သော်လည်း DMO-PDF ဘက်တွင် ထိခိုက်မှု မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဖော်ပြသည်။

.

စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်း‌ကြောင့် DMO-PDF တပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်ရာမှ အချိန် ၁ နာရီခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats