လွိုင်ကော်မြို့ပေါ်၌ စစ်ကောင်စီတပ်က ပစ်သည့် လက်နက်ကြီး‌ကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာ ရသူများလည်း ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွိုင်ကော်မြို့ပေါ်၌ စစ်ကောင်စီတပ်က ပစ်သည့် လက်နက်ကြီး‌ကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာ ရသူများလည်း ရှိ


ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်၌ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် နေအိမ်တစ်လုံးပေါ် ကျ၍ ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရသူများလည်း ရှိခဲ့ကြောင်း သိရသည်။

.


" အကြမ်းဖက် မအလတပ်မှ ရမ်းသမ်း ပစ်ခတ်မှုကြောင့် လက်နက်ကြီးများ မိုင်းလုံးရပ်ကွက်၊လူထု နေအိမ်ထဲသို့ ကျရောက်ပြီး ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ တစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ " ဟု PKPF သတင်းနှင့်ပြန်ကြားရေးဗျူရိုက ယနေ့ ဇန်နဝါရီလ ၇ ရက်၊ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။

.

လွိုင်ကော်မြို့ပေါ်ရှိ မိုင်းလုံးနှင့် နေရာအချို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်‌ကောင်စီတပ်က လူနေ ရပ်ကွက်များကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်နေကာ ဒေသခံ ပြည်သူများမှာ အရေးပေါ် စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။



Journal Download

Photo of three cats