မန္တလေးမြို့ သံဃသမဂ္ဂမှ ရဟန်းတော်များသည် ယနေ့ ဇန်နဝါရီလ ၁၇ ရက်တွင် ပရိတ်ရွတ် မေတ္တာပို့ ဆုတောင်းမှုများ ပြုလုပ်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
စစ်ကျွန်ဘဝမှ လွတ်မြောက်ရန် တိုက်ပွဲ ဝင်နေကြသည့် ကဏ္ဍအသီးသီးမှ တော်လှန်ရေးတပ်သားများ၊ အကျဥ်းထောင်ထဲမှ ရဲဘဘော်များ၊ ပြည်သူ့တပ်သား PDFရဲဘော်များနှင့် ပပြည်သူများအတွက် ကျန်းမာပြီး ဘေးအန္တရာယ် ကင်းရှင်းစေရန် ပရိတ်ရွတ် မေတ္တာပို့ ဆုတောင်းပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။