စစ်‌ကောင်စီတပ်၏ လေကြောင်း ပစ်ခတ် တိုက်ခိုက်မှုကြောင့် လွိုင်ကော်ရှိ ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီး ဆုံးရှုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်‌ကောင်စီတပ်၏ လေကြောင်း ပစ်ခတ် တိုက်ခိုက်မှုကြောင့် လွိုင်ကော်ရှိ ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီး ဆုံးရှုံး


ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ကို စစ်ကောင်စီတပ်က လေကြောင်း အသုံးပြု ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြို့ပေါ်ရှိ ဘုရားကျောင်းနှင့် လူနေအိမ်များ ပျက်ဆီးဆုံးရှုံးခဲ့ရသည်ဟု PKPF က ယနေ့ ဇန်နဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်သည်။

.



လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်ရှိ လူနေအိမ်များ၊ ဒေါဥခူရပ်ကွက်ရှိ ကက်သလစ်ဘုရားရှိခိုးကျောင်း နှင့် ကယားဖူးနှစ်ခြင်းအသင်းချုပ်ရုံး၊ ကယားဖူးမေတ္တာရိပ်မွန် မိဘမဲ့ရိပ်သာတို့ စစ်ကောင်စီတပ်၏ လေကြောင်း အသုံးပြု ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျက်ဆီး ဆုံးရှုံးခဲ့ရမှုကို မှတ်တမ်းဓါတ်ပုံဖြင့်အတူ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

ကရင်နီ (ကယား)ပြည်နယ်မှ ဒေသခံပြည်သူ အများအပြားသည် စစ်ကောင်စီ၏ ထိုးစစ်ကြောင့် စစ်ဘေးရှောင် အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် အသီးသီးသို့ နေရပ်စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင် နေကြရသည်။

Journal Download

Photo of three cats