ကမ္ဘောဒီးယား ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ ရောက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကမ္ဘောဒီးယား ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ ရောက်ရှိ


အာဏာသိမ်း စစ်ကောင်စီ ဥက္ကဌ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်သည် မြန်မာနိုင်ငံ၊ နေပြည်တော်သို့ ယနေ့  ဇန်နဝါရီလ ၇ ရက်၊ နံနက်ပိုင်းတွင် ရောက်ရှိလာကြောင်း သိရသည်။

.

အာဆီယံ အလှည့်ကျ ဥက္ကဌ ဖြစ်သည့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်သည် မြန်မာနိုင်ငံသို့ ၂ ရက်အကြာ အလုပ်သဘောခရီးစဉ်အဖြစ် လာရောက်ခြင်း ဖြစ်ပြီး ခရီးစဉ်အတွင်း မြန်မာ့ အကျပ်အတည်းနှင့် ပတ်သက်သည့် ကောင်းမွန်သော ရလဒ်များ ရရှိပါက အပြန်ခရီးစဉ်အား ရွှေ့ဆိုင်းမည်ဟု ၎င်းက ပြောဆိုထားသည်။

.


မြန်မာ အာဏာသိမ်း စစ်ကောင်စီ ဥက္ကဌနှင့် တွေ့ဆုံမည့် ဟွန်ဆန်၏ ခရီးစဉ်ကို မြန်မာပြည်သူများက ကန့်ကွက် ရှုတ်ချမှုများ ပြုလုပ်နေကြသည့်အပြင် ခရီးစဉ်ကို ဖျက်သိမ်းသင့်ကြောင်း International Amnesty အဖွဲ့က ထုတ်ပြန်ထားသကဲ့သို့ မြန်မာနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ အရပ်ဖက်အဖွဲ့အစည်းတွေများလည်း ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။



Journal Download

Photo of three cats