တောင်ကြီးမြို့ပေါ်ရှိ အများ မြင်သာသည့် နေရာအချို့၌ စစ်ကောင်စီ၏ ဝါဒဖြန့်စာများကို ၎င်း၏ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများက ကပ်ထားသည်ဟု သိရသည်။
.
" ဓါတ်တိုင်လိုမျိုး၊ နံရံလိုမျိုးတွေမှာရော ကပ်ထားဝာာ တွေ့ရတယ်။ စာထဲမှာက သူတို့က မှန်တယ်ပေါ့၊ ကယ်တင်ရှင်ကြီးပေါ့။ အရာအားလုံးဟာ စစ်တပ်က အာဏာ သိမ်းလိုက်လို့ ဖြစ်ရဝာာ ဆိုတာကို လူတိုင်း သိပါတယ်။" ဟု တောင်ကြီးမြို့ခံ တစ်ဦးက ပြောသည်။
.
စစ်အာဏာသိမ်းမှုကို မလိုလားသူ ပြည်သူများ၏ ခုခံ တုံ့ပြန်မှုကို အကြမ်းဖက်သည်ဟု ရေးသား၍ ပြည်သူများအား ဝါဒဖြန့် စည်းရုံးနေခြင်း ဖြစ်ကြောင်း သိရသည်။
.
စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ရီလ ၇ ရက်မှ စတင်၍ တောင်ကြီးမြို့ အပါအဝင် အနီးဝန်းကျင်ရှိ မြို့များမှ ပြည်သူ အများအပြားသည် စစ်အာဏာသိမ်းမှု အလိုမရှိကြောင်းကို ငြိမ်းချမ်းစွာဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြရာ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များက အကြမ်းဖက် ဖြိုခွင်း၍ မတရားဖမ်းဆီးမှုများ ပြုလုပ်ခဲ့သဖြင့် လက်ရှိ အချိန်ထိ ညောင်ရွှေအကျဉ်းထောင်၌ ထောင်ဒဏ် ကျခံနေရသူ ရာဂဏန်းမျှ ရှိနေသေးကြောင်း သိရသည်။
.
ယင်းကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူ ပြည်သူများကို စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များက အကြမ်းဖက် ဖြိုခွဲကာ လိုက်လံ ဖမ်းဆီးနေခြင်းကြောင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်၍ စစ်အာဏာရှင်အား နည်းမျိုးစုံဖြင့် တွန်းလှန်နေကြကြောင်း သိရသည်။