လွိုင်ကော်မြို့နယ်၌ အသတ်ခံထားရသည့် ရုပ်အလောင်း ၆ ခုကို အိမ်သာကျင်းထဲတွင် တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

လွိုင်ကော်မြို့နယ်၌ အသတ်ခံထားရသည့် ရုပ်အလောင်း ၆ ခုကို အိမ်သာကျင်းထဲတွင် တွေ့ရှိ


ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ရေယိုကျေးရွာရှိ နေအိမ်တစ်ခု၏ အိမ်သာကျင်းထဲ၌ အသတ်ခံထားရသည့် ရုပ်အလောင်း ၆ ခုကို ယ‌နေ့ ဇန်နဝါရီလ ၂၇ ရက်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

.

ရုပ်အလောင်းများမှာ အသက် မပြည့်သေးသူ ကလေး ဟု ယူဆရသူ အပါအဝင် အမျိုးသား (အမည်မသိ) ၆ ဦး၏ ရုပ်အလောင်းများ ဖြစ်ပြီး ဒေသခံများနှင့် လူမှုကယ်ညီရေးအဖွဲ့များက ဆယ်ယူပြီး သဂြိုလ်ပေးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။


အဆိုပါ ရေယိုကျေးရွာဖက်သို့ စစ်ကောင်စီတပ် ဝင်ရောက်လာစဉ် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ အချို့မှာ စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရပြီး‌နောက် သတ်ဖြတ်မှုကို ခံရခြင်း ဖြစ်သည်ဟု ဒေသတွင်း သတင်းများက ဖော်ပြထားသည်။

Journal Download

Photo of three cats