ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲအုပ်စု၊ မြို့ဟောင်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ယနေ့ ဇန်နဝါရီလ ၈ ရက်၊ နံနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသမီး ၃ ဦး ဒဏ်ရာများ ရရှိခဲ့သည်ဟု KNU က ထုတ်ပြန်သည်။
.
ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး မြို့ဟောင်းကျေးရွာမှ ဘုန်းကြီးကျောင်းနှင့် နေအိမ်များသို့ ထိမှန်ပျက်ဆီးခဲ့ပြီး အမျိုးသမီး ၃ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ စစ်ကောင်စီ၏ လက်နက်ကြီးကျည် ထိမှန်ခဲ့သည့် အမျိုးသမီး ၃ ဦးအနက် ၁ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။