နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ထောင်ဒဏ် ၄ နှစ် ထပ်မံ ချမှတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ထောင်ဒဏ် ၄ နှစ် ထပ်မံ ချမှတ်ခံရ


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင်ထောင်ဒဏ် ၄ နှစ် ထပ်မံ ချမှတ်ခံခဲ့ရ‌ကြောင်း သိရသည်။

.

ပို့ကုန်သွင်းကုန်ဥပဒေပါ ပုဒ်မအတွက် ထောင်ဒဏ် ၂ နှစ်၊ ဆက်သွယ်ရေးဥပဒေပါ ပုဒ်မအတွက် ထောင်ဒဏ် ၁ နှစ် နှင့် သဘာဝေးစီမံဥပဒေပုဒ်မအတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရခြင်း ဖြစ်ပြီး ယင်းအမှု ၃ ခုအတွက် ထောင်ဒဏ်မှာ ၅ နှစ်ဖြစ်‌သော်လည်း တပေါင်းတည်းကျခံရမည် ဖြစ်သည့်အတွက် ထောင်ဒဏ်မှာ ၄ နှစ် ဖြစ်ကြောင်း သိရသည်။

.

ပို့ကုန်သွင်းကုန်ဥပဒေပါ ပုဒ်မနှင့် ဆက်သွယ်ရေးဥပဒေပါ ပုဒ်မတို့မှာ စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်တွင် နေပြည်တော်ရှိ အတိုင်ပင်ခံပုဂ္ဂိုလ် နေအိမ်၌ စကားပြောစက်များတွေ့သည်ဟု ဆိုကာ အမှုဖွင့်ခံခဲ့ရခြင်း ဖြစ်သည်။

.

ထို့အတူ သဘာဝေးစီမံဥပဒေပုဒ်မမှာ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလတွင် နေပြည်တော် ရွှေကြာပင်ရပ်ကွက်သို့ သွားခဲ့သည်ကို COVID-19 စည်းကမ်းအား ချိုးဖောက်သည်ဆိုကာ အမှုဖွင့်ခံရခြင်း ဖြစ်သည်။

.

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆူပူစေရန် လှုံ့ဆော်မှု၊ COVID-19 စည်းကမ်းဖောက်ဖျက်မှု ပုဒ်မ ၂ ခုဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်က ထောင်ဒဏ် ၄ နှစ်ချမှတ်ခံထားရပြီး စစ်ကောင်စီက ထောင်ဒဏ် ထက်ဝက်ကို ညတွင်းချင်း ပြန်လျှော့‌ကြောင်း ထုတ်ပြန်ခဲ့သည်။

.

အာဏာသိမ်း စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲမှုပေါင်း မျိုးစုံဖြင့် အမှု ၁၆ မှု တရားစွဲဆိုထားကာ ယင်းအနက် ၅ မှုမှာ ထောင်ဒဏ် သတ်မှတ်ပြီး ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats