မိုင်းကိုင်မြို့နယ်၌ ‌စစ်ရှောင်ပြည်သူ ၂၂၀၀ ဦးကျော် ရှိနေပြီး ဆေးဝါးနှင့် မိုးကာ/စောင်များ အရေးပေါ် လိုအပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

မိုင်းကိုင်မြို့နယ်၌ ‌စစ်ရှောင်ပြည်သူ ၂၂၀၀ ဦးကျော် ရှိနေပြီး ဆေးဝါးနှင့် မိုးကာ/စောင်များ အရေးပေါ် လိုအပ်နေ

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မိုင်းကိုင်မြို့နယ် အတွင်း၌ စစ်ဘေးရှောင် ပြည်သူ ၂၂၀၀ ဦးကျော် ရှိနေပြီး ၎င်းတို့အတွက် ဆေးဝါးနှင့် မိုးကာ/စောင်များ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

.
စစ်ဘေးရှောင်များအတွက် ထင်း၊ မိုးကာ၊ မိုးကာတဲ၊ စောင်၊ အိုးခွက်ပန်းကန်၊ အဝတ်အထည်နှင့် ဆေးဝါးများ လိုအပ်နေရာ ယင်းအနက် အိမ်သုံးဆေးနှင့် မိုးကာ/စောင်များမှာ အရေးပေါ် လိုအပ်နေသည်ဟု သံဃာ့ဩဝါဒခံနာရေးကူညီမှု အသင်းက ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.


မိုင်းကိုင်မြို့နယ်ရှိ ကျေးရွာ ၁၃ ရွာခန့်‌မှ အိမ်ထောင်စု ၅၇၇ စု၊ ဒေသခံပြည်သူ ၂၂၀၇ ဦးသည် ကျောင်းခမ်းဘုန်းကြီးကျောင်း၊ နားလုံ(ရှေ့) ဘုန်းကြီးကျောင်း၊ တပေါင်းပွဲ ကျင်းပသည့် မွေတော်ဘုရားမြေ၊ မွေတော် (တောင်ကျောင်း)၊ လွိုင်လိုင်ဘုန်းကြီးကျောင်း၊ ကျောင်းကန် ဘုန်းကြီးကျောင်း၊ ကမ္မဌာန်းကျောင်းနှင့် အခြား နီးစပ်ရာ သင့်လျော်သည့် နေရာများတွင် စစ်ဘေးရှောင် အဖြစ် နေထိုင်ကြရခြင်း ဖြစ်သည်။
.
အကူအညီ တောင်းခံလိုသူများ အနေဖြင့် မိုင်းကိုင်မြို့ သံဃာ့ဩဝါဒခံနာရေးကူညီမှုအသင်း ဖုန်းနံပါတ် 09770734746 ၊ 09790500069 သို့ ဆက်သွယ်နိုင်ပြီး စစ်ဘေးရှောင်များအား လှူဒါန်းလိုပါက KBZPay 09952001084 နှင့် WavePay 09790500069 သို့ လှူဒါန်းနိုင်ကြောင်း သိရသည်။

Journal Download

Photo of three cats