ငွေတောင်ဆည် အနီး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ကျဆုံးမှုများ ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ငွေတောင်ဆည် အနီး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ကျဆုံးမှုများ ရှိ

ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည် အနီးတွင် ဇန်နဝါရီလ ၂ ရက်က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ကျဆုံးမှုများ ရှိခဲ့သည်ဟု သိရသည်။

.

လွိုင်ကော် PDF ၊ ဒီးမော့ဆို PDF ၊ KA ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ KNDF ၊ KGZ ၊ အလယ်ပိုင်းတိုင်း အထူးတိုက်ခိုက်ရေးအဖွဲ့ စသည့် ပြည်သူ့တပ်များ ပါဝင်သော ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ နံနက်ပိုင်းမှ ညနေ ၅ နာရီခန့်ထိ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ကျဆုံးမှုများ ရှိခဲ့သည်ကို မျက်မြင် အတည်ပြုနိုင်ခဲ့သော်လည်းအရေအတွက်ကိုမူ အတည်မပြုနိုင်ကြောင်း PDF Loikaw သတင်းနှင့်ပြန်ကြားရေး က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.


ထို့အတူ တိုက်ပွဲအတွင်း ပြည်သူ့တပ်များဘက်မှ ဒဏ်ရာ ရရှိသူ အချို့ ရှိပြီး လွိုင်ကော် PDF မှ ရဲဘော် ကြာဦး (ခ) ပေါလူ နှင့် KA မှ ရဲဘော်တစ်ဦး အသက်ပေးလှူ ကျဆုံးခဲ့ရကြောင်းနှင့် ၎င်းတို့အား အလေးပြု ဦးညွှတ်ကြောင်းကိုလည်း ထုတ်ပြန်ထားသည်။

.

ဒီးမော့ဆို/ ငွေတောင်ဆည် အနီး ဖြစ်ပွားခဲ့သော ၃ ရက်တာ တိုက်ပွဲများအတွင်း လွိုင်ကော် PDF မှ ဒဏ်ရာရရှိသူ စုစုပေါင်း ၁၂ ဦးနှင့် ကျဆုံးသူ ၁ ဦး ရှိခဲ့ပြီးဒဏ်ရာ ရသူများမှာ အသက်ဘေးမှ လွတ်ကင်းကာ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။



Journal Download

Photo of three cats