ငြိမ်သက်ခြင်းသပိတ်တွင် ပါဝင်၍ ဈေးနှင့်ဆိုင် ပိတ်ပါက အရေးယူမည်ဟု ရှမ်းပြည်နယ်စည်ပင် ကြော်ငြာစာထုတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ငြိမ်သက်ခြင်းသပိတ်တွင် ပါဝင်၍ ဈေးနှင့်ဆိုင် ပိတ်ပါက အရေးယူမည်ဟု ရှမ်းပြည်နယ်စည်ပင် ကြော်ငြာစာထုတ်


စစ်တပ် အာဏာသိမ်းမှု တစ်နှစ်ပြည့် ဖြစ်သည့် ဖေဖော်ဝါရီလ ၁ ရက်တွင် ငြိမ်သက်ခြင်းသပိတ်၌ ပါဝင်၍ ဈေးနှင့်ဆိုင် ပိတ်ပါက အရေးယူမည်ဟု စစ်ကောင်စီ လက်အောက်ရှ် ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီက ကြော်ငြာစာ ထုတ်ပြန်ထားသည်။

.

ပုံမှန် ဆိုင်/ဈေး ပိတ်ရက်မှ အပ ကျန်ရက်များတွင် ပိတ်ထားခြင်း မပြုဘဲ လုပ်ငန်းလည်ပတ် ဆောင်ရွက်ကြရန်နှင့် ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချ လုပ်ကိုင်ခြင်း မပြုကြောင်း စိစစ်တွေ့ရှိပါက ရှမ်းပြည်နယ်စည်ပင်သာယာရေး ဥပဒေအရ ထိရောက်စွာ အရေးယူမည်ဟု ဇန်နဝါရီလ ၂၅ ရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

ထို့အတူ ဈေးသည်နှင့် ဆိုင်ခန်းများအားလုံး ငြိမ်သက်ခြင်း သပိတ်တွင် ပါဝင်၍ ဆိုင်ပိတ်ပါက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ အပါအဝင် နိုင်ရေးအမှုများဖြင့်ပါ အရေးယူနိုင်ရေးအတွက် စောင့်ကြည့်ပြီး နေ့စဉ် မှတ်တမ်းထားရှိရန် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနက မြို့နယ်စည်ပင်သာယာရေးဌာနများသို့ ညွှန်ကြားထားကြောင်းလည်း သိရသည်။

.

ယင်းကဲ့သို့ စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း ပြသမည့် ငြိမ်သက်ခြင်းသပိတ်တွင် ပြည်သူများ ပါဝင်ခြင်း မပြုလုပ်ရန် ကြော်ငြာစာ အမိန့် ထုတ်ပြန်၍ ခြိမ်းခြောက် ကန့်သတ်နေမှုအပေါ် ‌ဒေသခံ ပြည်သူများက ကဲ့ရဲ့ပြစ်တင်ဝေဖန်မှုများ ပြုလုပ်နေကြသည်ကို တွေ့ရသည်။




Journal Download

Photo of three cats