ယောဒေသကာကွယ်ရေးတပ်ဖွဲ့ အပတ်စဥ် (၆) အခြေခံ စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ ဇန်နဝါရီလ ၂၆ ရက်တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း Yaw Defence Force (YDF) က ထုတ်ပြန်သည်။
.
သင်တန်းဆင်းပွဲ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က သဝဏ်လွှာ ပေးပို့ခဲ့သည်ဟုလည်း သိရသည်။
.
အဆိုပါ အပတ်စဥ် (၆) အခြေခံ စစ်သင်တန်းကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁၀) က ဦးဆောင်သင်ကြားပေးခြင်း ဖြစ်ကြောင်း YDF က ထုတ်ပြန်ထားသည်။