ရပ်စောက်မြို့၊ မြို့ဦးလမ်းမှ ထွက်သည့် ဖုန်မှုန့်များကြောင့် ပတ်ဝန်းကျင်နေသူများ အခက်အခဲ ဖြစ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရပ်စောက်မြို့၊ မြို့ဦးလမ်းမှ ထွက်သည့် ဖုန်မှုန့်များကြောင့် ပတ်ဝန်းကျင်နေသူများ အခက်အခဲ ဖြစ်နေ

တောင်ကြီးခရိုင်၊ ရပ်စောက်မြို့၊ မြို့ဦးလမ်းမှ ထွက်သည့် ဖုန်မှုန့်များကြောင့် အဆိုပါ လမ်းပတ်ဝန်းကျင်နေသူများ အခက်အခဲ ဖြစ်ပေါ်နေသည်ဟု သိရသည်။

.

" ကတ္တရာ မခင်းဘဲ ထားထားတာ၊ အရမ်း ကြာနေပြီ။ အဲ့ပတ်ဝန်းကျင်ဆို လမ်းရဲ့ဖုန်က ရပ်ကွပ်ထဲထိကို ဝင်နေတာ။ COVID-19 တတိယလှိုင်း စ ကတည်းက ၆ လ၊ ၇ လလောက် ရှိပြီ။" ရပ်စောက်မြို့ ဒေသခံ တစ်ဦးက ပြောသည်။

.

အဆိုပါ လမ်းသည် ရပ်စောက်မှ တောင်ကြီး (ရွှေညောင်)ဘက်သို့ သွားရာ အဓိက ကတ္တရာ လမ်းမကြီး အပိုင်းတွင် ဖြစ်သော်လည်း ကတ္တရာ မခင်းဘဲ သဲ/ကျောက်ဖြင့်သာ ကြိတ်၍ ခင်းထားခြင်း‌ကြောင့် ယင်းသို့ ဖြစ်ပေါ်နေရသည်ဟု ၎င်းထံမှ သိရသည်။

.

" အရင်လမ်းက သွားလို့ ရသေးတယ်။ အခုဟာ ကတ္တရာလမ်း မလုပ်ဘဲ ထားတာ။ လမ်းက ထွက်တဲ့ ဖုန်မှုန့်က တော်တော်လေး ဒုက္ခ ရောက်နေရတာ။ ရေဖျန်းတော့လည်း ချိုင့်ခွက်တွေမှာ ရေက အိုင်ပြီးတော့ အဆင်မပြေဘူး။ "ဟု ဒေသခံ တစ်ဦးကလည်း ပြောသည်။

.

ရပ်စောက်မြို့နယ်တွင် မြို့နယ်ချင်းဆက်လမ်း ၃ ခု ရှိသည့်အနက် ‌ရပ်စောက်-တောင်ကြီး လမ်းမှာ အရှည် ၄၈ မိုင် ရှိသော ကတ္တရာလမ်း ဖြစ်သည်ဟု ဒေသဆိုင်ရာ အချက်အလက်များအရ သိရသည်။

Journal Download

Photo of three cats