သီပေါမြို့နယ်အတွင်း၌ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူ ၂၀၀ ဦးကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
.
သီပေါမြို့နယ်၊ ဘော်ကြိုဘုန်းကြီးကျောင်းသို့ ကျင်သီကျေးရွာ ၊ ပုံဖမ်းကျေးရွာ၊ ရေပူကျေးရွာ၊ လောက်ခွန်ကျေးရွာနှင့် သီးဆန်းကျေးရွာများမှ ဒေသခံပြည်သူ ၂၂၂ ဦးသည် ယနေ့ ဇန်နဝါရီလ ၈ ရက်၊ နေ့လယ်ပိုင်းတွင် စစ်ဘေးရှောင် အဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်။
.
သီပေါမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကလည်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တိုက်ပွဲကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ကျေးရွာများမှာ ယနေ့ထိ ပြန်လည်ထူထောင်မှု မလုပ်နိုင်သေးကြောင်း သိရသည်။