စစ်​ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့်​ ဒီးမော့ဆိုမြို့နယ်၌ ပြည်သူတစ်ဦး​ သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်​ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့်​ ဒီးမော့ဆိုမြို့နယ်၌ ပြည်သူတစ်ဦး​ သေဆုံး


ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းသို့  စစ်ကောင်စီတပ်က ဇန်နဝါရီလ ၉ ရက် ညပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လူနေအိမ် တစ်လုံး ပျက်ဆီး ဆုံးရှုံးခဲ့ရသည့် အပြင် ဒေသခံပြည်သူ တစ်ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။

.

လွိုင်​ကော် အ​မြှောက်တပ်မှ လက်နက်ကြီး ၃ ကြိမ်ထက် မနည်း ပစ်ခတ်ခဲ့သဖြင့် နန်းမယ်ခုံ၊ မြို့မရှမ်းရပ်ကွက်​​အတွင်း ကျ​ရောက်​ပေါက်ကွဲပြီး ယင်းလက်နက်ကြီး​ အသံကြောင့် ​​အသက် ၅၅ နှစ် အရွယ် အမျိုးသမီးတစ်ဦး နှလုံး​ဖောက်​သေဆုံးခဲ့ရသည်ဟု ပြည်သူ့ကာကွယ်​ရေးတပ်(DMO-PDF) က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.


ထို့အပြင် ဒီးမော့ဆိုမြို့၊ ဒေါငံခါးရပ်ကွက်ရှိ ပြည်သူပိုင် နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ၍ ပျက်စီး ဆုံးရှုံးခဲ့ရကြောင်းလည်း ထုတ်ပြန်ထားသည်။

.

ပျက်စီးမှုကို ထပ်မံ​ဖော်ထုတ်လျက် ရှိ​ကြောင်းနှင့် စစ်ကောင်စီတပ်မှ ​နေ့စဥ် ကင်း​ထောက်လှန်း​နေပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိသည့်အတွက် ပြည်သူလူထု အနေဖြင့် သတိရှိရှိသွားလာကြရန် ပြည်သူ့ကာကွယ်​ရေးတပ်(DMO-PDF) က သတိပေးထားသည်။

Journal Download

Photo of three cats