မြန်မာနိုင်ငံ၌ COVID-19 ဗီဇပြောင်း အိုမီခရွန်ပိုး ရှိသူ ၄၂ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်သည်။
.
အဆိုပါ အိုမီခရွန်ပိုးတွေ့သူများမှာ ပြည်ပနိုင်ငံများမှ ပြန်လာသည့် မြန်မာနိုင်ငံသား ၄၀ ဦးနှင့် နိုင်ငံခြားသား ၂ ဦးတို့ ဖြစ်ပြီး ၎င်းတို့ကို ကုသရေးစင်တာများ၊ သတ်မှတ်ဆေးရုံများတွင် သီးသန့်ထားရှိ၍ ကုသစောင့်ရှောက်မှုပေးထားသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင် အိုမီခရွန်ပိုး တွေ့ ရှိသူ စုစုပေါင်း ၆၁ ဦး ရှိပြီ ဖြစ်သည်။