စစ်ကောင်စီ၏ နတ်တောင်စခန်းကို ကရင်နီတပ်မတော်က တိုက်ခိုက်သိမ်းပိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီ၏ နတ်တောင်စခန်းကို ကရင်နီတပ်မတော်က တိုက်ခိုက်သိမ်းပိုက်


မြန်မာ-ထိုင်း နယ်စပ်၊ နန်းပန်ချောင်းအနီးရှိ စစ်ကောင်စီ၏ နတ်တောင်စခန်းအား ကရင်နီတပ်မတော် ( KA ) က ယနေ့ ဇန်နဝါရီလ ၇ ရက်၊ နံနက်ပိုင်းတွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

.

စစ်ကောင်စီ၏ ခြေကုတ်တပ်စခန်း ဖြစ်သည့် နတ်တောင်စခန်းကို သိမ်းပိုက်ခဲ့ပြီး ယင်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အသေအပျောက် များခဲ့ပြီး ရဟတ်ယာဉ်များဖြင့်ပါ လာရောက် ဗုံးကြဲခဲ့သည့် အပြင် ညာမူတပ်စခန်းကိုပါ ဗုံးကြဲခဲ့သော်လည်း စစ်ကောင်စီ၏ ကာကင်းကုန်း တစ်ခုပေါ်ကိုသာ မှားယွင်းဗုံးကြဲခဲ့သည်ဟု KA က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

ကရင်နီ (ကယား)ပြည်နယ်၏ မြို့တော် လွိုင်ကော် အပါအဝင် ဒေသအများစုတွင် တိုက်ပွဲများ ဖြစ်ပေါ်နေကာ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူများ သေဆုံး/ဒဏ်ရာ ရမှုများ  ရှိနေသည့်အပြင် ဘေးလွတ်ရာသို့ စစ်ဘေးရှောင် နေကြရသည်။

Journal Download

Photo of three cats