မူဆယ် မြို့မဈေး အနီး၌ ယနေ့ ဇန်နဝါရီ ၃၁ ရက် ၊ နေ့လယ်ပိုင်းတွင် ပြည်သူ့စစ် တပ်ဖွဲ့ဝင် တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။
.
အဆိုပါ သေနတ်ဖြင့် ပစ်သတ်ခံရသူသည် အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး ပြည်သူ့စစ်ဝတ်စုံဖြင့် အနက်ရောင် ယာဉ်ပေါ်၌ ယာဉ်မောင်း နေရာတွင် ထိုင်နေစဉ် ဆိုင်ကယ်စီးလာသူ ၂ ဦးက အနီးကပ် ပစ်ခတ်ခဲ့မှုကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် သေနတ်ဖြင့် ပစ်သတ်ခံရသူ၏ ရုပ်အလောင်းကို ပရဟိတအသင်းက သယ်ဆောင်၍ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။