စစ်တပ်ထုတ်ကုန်များ မရောင်းချရန်နှင့် လောင်းကစားလုပ်ငန်းများ ပိတ်သိမ်းရန် နမ့်ခမ်းပျောက်ကျားအဖွဲ့ သတိပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်တပ်ထုတ်ကုန်များ မရောင်းချရန်နှင့် လောင်းကစားလုပ်ငန်းများ ပိတ်သိမ်းရန် နမ့်ခမ်းပျောက်ကျားအဖွဲ့ သတိပေး


နမ့်ခမ်းမြို့နယ်အတွင်း၌ စစ်တပ်ထုတ်ကုန်များ မရောင်းချရန်နှင့် လောင်းကစားလုပ်ငန်းများအား ပိတ်သိမ်းရန် နမ့်ခမ်းပျောက်ကျားအဖွဲ့က ယနေ့ ဇန်နဝါရီလ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။

.

စားသောက်ဆိုင်များ၊ စည်ဘီယာဆိုင်များနှင့် ကုန်စုံဆိုင်များတွင် မြန်မာစစ်တပ်ထုတ်ကုန်များဖြစ်သည့် ဘီယာများနှင့် ယမကာဖျော်ရည်များ ရောင်းချခြင်း မပြုရန်၊ ရဲတပ်ဖွဲ့ကို လိုင်းကြေး ပေးဆောင်ပြီး လွတ်လွတ်လပ်လပ် ဖွင့်လှစ်နေသည့် ငါးပစ်ဂိမ်းဆိုင်များ အပါအဝင် လောင်းကစားလုပ်ငန်းများ အားလုံး ချက်ချင်းပိတ်သိမ်းပေးရန် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

.

ထို့အတူ ကုန်တင်ကားကြီးဂိတ်နှင့် ခရီးသည်တင်ကားလေးများတွင်လည်းစစ်တပ်ထုတ်ကုန်များကို သယ်ယူခြင်းများ မပြုလုပ်ရန်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် ဆိုင်ဖွင့်ရန် ခြိမ်းခြောက်နေသူများမှ ပြည်သူကို ပြန် တောင်းပန်၍ လူထု၏ စိတ်သဘောထားကို အလေးထားရန်နှင့် ဖုန်းဆိုင်များ၊ ဆိုရှယ်မီဒီယာများပေါ်တွင် Mytel Sim Card ၊ Mytel WiFi Card များကို ကြော်ငြာရောင်းချခြင်း မပြုလုပ်ရန်ကိုလည်း သတိပေးထားသည်။

.

အဆိုပါ အချက်များကို ဖောက်ဖျက်ကြောင်း တွေ့ရှိပါက ၎င်းတို့၏ ပတ်သက်သော လုံခြုံရေးကို အာမခံချက် ပေးမည် မဟုတ်ကြောင်း နမ့်ခမ်းပျောက်ကျားအဖွဲ့၏ သတိပေးစာတွင် ဖော်ပြထားသည်။

Journal Download

Photo of three cats