လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁၇ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁၇ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းမိ


လွိုင်လင်မြို့နယ်၌ ၁၂ ဘီး မော်တော်ယာဉ်များဖြင့် သယ်ဆောင်လာသည့် ငွေကျပ် ၁၇ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)များကို ဇန်နဝါရီလ ၇ ရက်က ဖမ်းမိခဲ့ကြောင်း သိရသည်။

.

ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီးသွား ကားလမ်း၊ ဟိုတင့်ကျေးရွာအနီး၌ လွိုင်လင်မှ တောင်ကြီးဘက်သို့ မြင့်စိုး မောင်းနှင်ပြီး ကျော်စိုင်း(ခ) အားကျုံး လိုက်ပါလာသည့်  ISUZU ၁၂ ဘီး မော်တော်ယာဉ်အား ရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၆၃၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်းဆက်အရ လွိုင်လင်-တောင်ကြီးသွား ကားလမ်း၊ ချိုခမ်းကျေးရွာနှင့် မိုင်းပွန်ကျေးရွာကြား၌ သက်ဇူး မောင်းနှင်ပြီး ဇေခေါင် လိုက်ပါလာသည့် ISUZU ၁၂ ဘီး မော်တော်ယာဉ်အား ဆက်လက်ရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၆၀၃ ကီလို ထပ်မံသိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ယင်းနောက် စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများ ဖြစ်သည့် ကိုအောင်(ခ)နော်တောင် နှင့် မာလ(ခ)ရှရွယ် တို့အား လွိုင်လင်မြို့အဝင် တိုးဂိတ်အနီး၌ HIJET မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။

.

အဆိုပါ အိုက်စ် (မက်သ်အဖက်တမင်း)များမှာ တန့်ယန်းမြို့နယ်၊ မိုင်းကောင်မှ တောင်ကြီးသို့ သယ်ဆောင်ခြင်း ဖြစ်ပြီး စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ် ၁၇ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိကြောင်းနှင့် သယ်ဆောင်သူများကို အရေးယူထားကြောင်း သိရသည်။

Journal Download

Photo of three cats