ကရင်နီ (ကယား) ပြည်နယ်ရှိ စာသင်​ကျောင်းအချို့တွင် ကရင်နီ အမျိုးသားအလံ လွှင့်ထူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကရင်နီ (ကယား) ပြည်နယ်ရှိ စာသင်​ကျောင်းအချို့တွင် ကရင်နီ အမျိုးသားအလံ လွှင့်ထူ

ကရင်နီ (ကယား) ပြည်နယ် အတွင်းရှိ စာသင်ကျောင်း အချို့တွင် ကရင်နီအမျိုးသားအလံကို လွှင့်ထူထားကြောင်း PKPF သတင်းနှင့်ပြန်ကြားရေးဗျူရို က ယနေ့ ဇန်နဝါရီလ ၂၁ ရက်တွင် ထုတ်ပြန်သည်။

.

" ကရင်နီမှာလည်း တချို့ စာသင်ကျောင်းတွေမှာ ဖက်ဆစ်စစ်တပ် ၂၀၀၈ ခြေဥ အလံဖြုတ်ပြီး ကိုယ့်အမျိုးသားအလံကို လွင့်ထူနေကြတာတွေ တွေ့ရှိရပါတယ်။" ဟု PKPF က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

ကရင်နီ (ကယား) ပြည်နယ် အပြင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ စာသင်ကျောင်း အချို့တွင်လည်း သက်ဆိုင်ရာ တိုင်းရင်းသားများ၏ အမျိုးသားအလံကို လွှင့်ထူမှုများ ပြုလုပ်နေလျက် ရှိပြီး ယင်းကဲ့သို့ ဆောင်ရွက်မှုအပေါ် ဗမာ အပါအဝင် တိုင်းရင်းသားပြည်သူများက ထောက်ခံကြိုဆိုနေကြသည်ကို တွေ့ရသည်။

Journal Download

Photo of three cats